Leave a comment

AK-630 Series


Navy_NW_CIWS_AK630
ထုတ်လုပ်သည့်နိုင်ငံ ရုရှား
မျိုးဆက် AK-630 AK-630M1-2
လက်နက်အမျိုးအစား 30mm 6-barrel Gsh-6-30 rotary cannon 2 x 30mm 6-barrel Gsh-6-30 rotary cannon
ထိရောက်မှုအကွာအဝေး ၄,၀၀၀ မီတာ ၄,၀၀၀ မီတာ
ပစ်နှုန်း (တောင့်/မိနစ်) ၅,၀၀၀ ၁၀,၀၀၀
ပြောင်းထွက်ရှိန် ၃,၀၀၀ ပေ/စက္ကန့် ၃,၀၀၀ ပေ/စက္ကန့်
ကျည်အတောင့်ရေ ၂,၀၀၀ ၄,၀၀၀
အပေါ်အောက်ချိန်ရွယ်နိုင်မှု -12° to +88° -25° to +90°
ပတ်လည်ချိန်ရွယ်နိုင်မှု 180° 180°
အမိန့်ပေးထိန်းချုပ်စနစ် Radar / TV-Optical
ထပ်ပေါင်းလက်နက် 4 x 9A4172 missiles (Vikhr-K upgrade)

          AK-630 ဟာ ရုရှားနိုင်ငံရဲ့ ၃၀မမ ပြောင်းခြောက်လုံးတွဲ ဆုံလည်အမြှောက်အပေါ်မှာ  အခြေခံထားတဲ့ fully automatic naval Close In Weapon System (အနီးကပ်ကာကွယ်ရေးလက်နက်စနစ်) ဖြစ်ပါတယ်။ ပြောင်း(၆)လုံးတွဲရဲ့ ၆ နဲ့ ၃၀မမ ရဲ့ ၃၀ ကိုယူပြီး AK-630 လို့နာမည်ပေးထားခြင်းဖြစ်ပါတယ်။ အလိုအလျှောက်ဆုံလည်ပေါ်တွင် တပ်ဆင်ထားပြီး ရေဒါနှင့် တီဗွီတို့မှ ပစ်မှတ်ကို ရှာဖွေထောက်လှမ်း လမ်းညွှန်ပေးမှုဖြင့် ပစ်ခတ်နိုင်ပါတယ်။ အဓိကအားဖြင့် သင်္ဘောဖျက်ဒုံးပျံ များနှင့် precision guided weapon များ၏အန္တရာယ်မှကာကွယ်ရန်ထုတ်လုပ်ထားသော်လည်း၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ ကမ်းခြေပစ်မှတ်များနှင့် ရေပေါ်မိုင်းများကိုပါ တိုက်ခိုက်နိုင်ပါတယ်။ AK-630 ဟာ Phalanx, Goalkeeper စသည့် CIWS များမပေါ်ခင်အချိန်ကတည်းက စတင်ထုတ်လုပ်ခဲ့သည့် ကမ္ဘာ့ပထမဆုံး CIWS ဖြစ်ပါတယ်။

          MR-123-02 Fire Control Radar System, SP-521 Electo-Optical Tracker နှင့် AK-630 Gun များအားလုံး ပါဝင်သည့်စနစ်တစ်ခုလုံးကို A-213-Vympel-A လက်နက်စနစ်လို့ခေါ်ပါတယ်။ MP-123 ရေဒါစနစ်တစ်ခုတည်းမှ AK-630 အမြှောက် (၂)လက်ကို တစ်ပြိုင်နက်တည်းထိန်းချုပ်အမိန့်ပေးနိုင်ပါတယ်။ အဆိုပါရေဒါစနစ်ဟာ ရေပြင်နှင့် ဝေဟင်ပစ်မှတ် များကို 4km – 5km အကွာအဝေးအတွင်းမှာ ရင်ဆိုင်ပစ်ခတ်နိုင်ပါတယ်။ Electro-Optical စနစ်ဟာ တော်ပီဒိုဘုတ် အရွယ်ရှိ ရေပြင်ပစ်မှတ်ကို 70km အကွာအဝေး၌လည်းကောင်း၊ MIG-21 အရွယ်ခန့်ရှိ ဝေဟင်ပစ်မှတ်များကို 7km အကွာအဝေး၌လည်းကောင်း သိရှိထောက်လှမ်းနိုင်ပါတယ်။

          ထို့ပြင် Surveillance & Tracking Mode High Jamming Immunity, Laser Range Finder နှင့် TV optical sight စသည့် Feature များလည်းပေါင်းစပ်ထည့်သွင်းထားပါတယ်။ AK-630 စနစ်ဟာ Fully Automatic System ဖြစ်သလို၊ Operator မှ Control Console မှသော်လည်းကောင်း၊ သင်္ဘောအပေါ်မှ အဝေးထိန်းပစ်မှတ်ချိန်စနစ် ကနေသော်လည်းကောင်း ထိန်းချုပ်ပစ်ခတ်နိုင်ပါတယ်။ ၎င်းဟာ Phalanx, Goalkeeper အစရှိတဲ့ CIWS တွေထက် ပစ်ခတ်မှုနှုန်း ကောင်းမွန်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ အများအားဖြင့် အမြှောက်(၂)လက်ပါတဲ့စနစ်အဖြစ်တပ်ဆင်ကြပြီး၊ ကြီးမားတဲ့သင်္ဘောကြီးများအတွက်တော့ အမြှောက်(၄)လက်ပါတဲ့စနစ်အဖြစ်တပ်ဆင်ကြတာများပါတယ်။ AK-630, AK-630M, AK-306, AK-630M1-2 ဆိုပြီးမျိုးကွဲများရှိပါတယ်။

မျိုးကွဲများ

AK-306

          FAC ကဲ့သို့အပေါ့စားယာဉ်များအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြောင်းပတ်လည်ကို ရေအေးပေးစနစ်တပ်ဆင် ပေးထားပါတယ်။ ၎င်းစနစ်ဟာ ရေဒါလမ်းညွှန်စနစ်မပါဝင်ပဲ optical-guided system ပဲပါဝင်လို့၊ ဒုံးပျံကာကွယ်ရေးအတွက် အသုံးမပြုနိုင်ပဲ၊ ရေပြင်နှင့် မြေပြင်ပစ်မှတ်များကိုသာပစ်ခတ်ဖို့ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အဆိုပါ AK-306 စနစ်တစ်ခုလုံး ကို A-219 System လို့ခေါ်ပါတယ်။

AK-630M1-2

          မူလ AK-630 ကိုထပ်မံ၍ နောက်ထပ် အမြှောက်တစ်လက်ထပ်ပေါင်းကာ ပစ်နှုန်းကိုလည်း တစ်မိနစ်လျှင် ကျည် ၁၀,၀၀၀ ပစ်ခတ်နိုင်သည့် AK-630M1-2 စနစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒုံးပျံနှင့်အမြှောက်ပူးတွဲစနစ်ဖြစ်တဲ့ Kashtan CIWS ပေါ်လာတဲ့အတွက် Mass Production မလုပ်နိုင်ခဲ့ပါဘူး။ ရုရှားမှာလက်ရှိ သင်္ဘောတစ်စီးမှာပဲ တပ်ဆင်ထားပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: